ပုလော မေ ၂၆
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့တွင် မိုးဦးကျကာလ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လန်းပေါက်ပွားမှုမှကာကွယ်နိုင်ရန် မေလ ၂၅ ရက် နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများတွင် အဘိတ် abate ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုးဦးကာလတွင် ခြင်ပေါက်ဖွားမှုများပြားလာနိုင်သည့်အတွက် ခြင်ကြောင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေး၊ ပိုးလောက်လန်း ပေါက်ဖွားမှုကာကွယ်နိုင်ရေး ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံရေအိုးများ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပြီး ရေတိုင်ကီနှင့်ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအား အဘိတ် abate ဆေးခပ်ခြင်းလုပ်ငန်းကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးဗဟုသုတ အသိပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဘိတ် abate ဆေးခပ်ခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးမော်