မြန်အောင် မေ ၂၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့" ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အခြေခံပညာကျောင်းများတွင် ယနေ့အထိ ကျောင်းအပ်နှံသူ (၂၅၁၅၂)ဦးရှိ ကြောင်း သိရသည်။
မြန်အောင်မြို့ အ.ထ.က(၁) မြန်အောင်၌ ကျောင်းအပ်နှံရေးဆောင်ရွက်နေမှုကို မြန်အောင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက ဆရာ/ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေး ၍ အလယ်တန်းအဆင့် (Grade-9) အောင်မြင်သူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ဖြစ်သော စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်း တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေး ရှင်းလင်းပြောကြားခဲ့ကြသည်။
မြန်အောင်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၂)ကျောင်း၊ အ.ထ.က(ခွဲ) (၁၈)ကျောင်း၊ အ.လ.က(၁၄)ကျောင်း အ.လ.က(ခွဲ)၁၁ ကျောင်း ၊ အ.မ.က(မူလွန်)(၅) ကျောင်း ၊ အ.မ.က (၂၀၅)ကျောင်း၊ အ.မ.က (ခွဲ) (၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၄)ကျောင်း စုစု ပေါင်း အခြေခံပညာကျောင်း (၂၇၂) ကျောင်းတွင် ကျောင်းသား/သူရှိရင်း (၃၆၀၄၅) ဦးရှိပြီး ယနေ့အထိကျောင်းအပ်သူ စုစုပေါင်း(၂၅၁၅၂)ဦး၊ ကျောင်းအပ်နှံမှုရာခိုင်နှုန်း (၆၉.၇၈) ရှိကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)