အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းမှု သင်တန်းကျောင်းတွင် အခြေခံ စက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

မော်လမြိုင် အောက်တိုဘာ ၂၁

မွန်ပြည်နယ်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး ကော်မတီမှ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်  စက်တင်ဘာ (၁၂)ရက်နေ့မှ အောက်တိုဘာလ (၂၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့သော အခြေခံ စက်ချုပ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၊ အိမ်တွင်းမှုသင်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်က  မြန်မာနိုင်ငံ ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ စီမံကိန်းအတွက် အမျိုးသားအဆင့် လုပ်ငန်း စီမံချက်ပါ လုပ်ငန်းတာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ အနေဖြင့် သင့်တော်သော အလုပ်အကိုင် ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်း ဈေးကွက်များ မြှင့်တင်ခြင်း၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ပစ္စည်း ထုတ်လုပ်နိုင်ရေး နည်းပညာ ထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင် ပေးလိုသောဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင် လုပ်သားများ ဖြစ်စေလိုကြောင်း သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အရည်အချင်းပြည့်၀ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင်လုပ်သားများ ဖြစ်စေလိုကြောင်း ပြောကြားခဲ့သည်။

ထိုနောက် သက်တန်းသူများ ကိုယ်တိုင် ချုပ်လုပ်ထားသော မိန်းမ၀တ်အင်္ကျီ များအား ကြည့်ရှု အားပေး၍ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ အဆင့်မြင့် စက်ချုပ်သင်တန်းသို့ ဆက်လက် တက်ရောက်လိုပါကလည်း ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း တာ၀န်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

အဆိုပါ အခြေခံ စက်ချုပ်သင်တန်းကို စက်တင်ဘာ (၁၂)ရက်မှ အောက်တိုဘာ (၂၁)ရက်အထိ ရက်(၄၀)ကြာ ဖွင့်လှစ်သင်ကြား‌ပေးခဲ့ပြီး သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်(ပြန်/ဆက်)