ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ပျဉ်းမနား အောက်တိုဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီ အချိန်က ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချေးငွေလာရောက်ထုတ်ယူကြသည့် တောင်သူများအား ပျဉ်းမနားမြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နန့်တင်စန်းက တောင်သူများ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်ရာတွင် အဆင်ပြေစေရန်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။

ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အချိန်စေ့ရောက်ချေးငွေပြေကြေသူများကို  ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် သစ်လေးလုံး ကျေး ရွာအုပ်စု အတွင်းရှိ တောင်သူ(၁၆၄)ဦးတို့၏ မတ်ပဲစိုက်ပျိုးဧက (၈၂၆)ဧကအတွက် တစ်ဧက လျှင်()သိန်းကျပ် နှုန်းဖြင့် ငွေကျပ်(၈၂၆)သိန်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါကာ ကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေး ပေးခဲ့သည်။

အဆိုပါချေးငွေထုတ်ချေးပေးရာတွင်ဆောင်းသီနှံစိုက်ပျိုးစရိတ်ချေးငွေများကို အောက်တိုဘာ ၆ ရက်နေ့မှစတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့ထိ တောင်သူဦးရေ (၃၉၃)ဦး၏ စိုက်ပျိုး ဧက(၁၉၆၀)ဧက ကိုထုတ်ချေးပေးခဲ့ကြောင်း၊ လယ်ယာလုပ်ငန်းခွင်သို့ဝင်ကြမည့် တောင်သူများအတွက် အချိန်နှင့် တစ်ပြေးညီ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်အတွက် ၂၀၂၂ ခုနှစ်ဆောင်းသီးနှံ စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နန့်တင်စန်းထံမှ သိရသည်။

မျိုးသီဟ(ပြန်/ဆက်)