ဗန်းမော်မြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဖိုးဒေဝ)ကျောင်း၌ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ဗန်းမော် အောက်တိုဘာ ၂၁

ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဖိုးဒေဝ)ကျောင်း၌ ကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်း၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက ကျောင်းသား ကျောင်းသူများအား ကျောင်းစာအပြင် အသိပညာဗဟုသုတ တိုးပွားလာစေရန် စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ လူကုန်ကူးမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကျောင်းသား ကျောင်းသူများအား လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဖြစ်စဉ်များ အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ လူငယ်နှင့်စာရိတ္တ အကြောင်းများကို အသိပညာပေး ဟောပြောပြီး ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆန္ဒမွန်က စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ကြကာ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဖိုးဒေဝ)ကျောင်းမှ ဆရာ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၂၂၈)ဦး တက်ရောက်ခဲ့သည်။

ယင်းနောက် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ မှတ်သားဖွယ်ရာများ၊ လူကုန်ကူးခြင်းဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ ကြိုတင်ကာကွယ် မျောက်ကျောက်ရောဂါအန္တရာယ် နံရံကပ်စာစောင်နှင့် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတရရှိစေသည့် သုတရသစာအုပ် စာစောင်များကို ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။

ဗန်းမော်(ပြန်/ဆက်)