ကွမ်းလုံ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အမျိုးသမီးများအကြမ်းဖက်ခံရမှုမှ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ရိုက်ကူးထုတ်လွင့်ခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းကာ ရိုက်ကူးထုတ်လွင့်ခဲ့ကြောင်း သိရသည်။
ယင်းသို့ရိုက်ကူးရာတွင် ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိက အမျိုးသမီးများအကြမ်းဖက်ခံရမှုမှ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ရိုက်ကူးရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး ကွမ်းလုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်က အမျိုးသမီးများ အကြမ်းဖတ်ခံရမှုခေါင်းစဉ်အောက်တွင် ပါဝင်သည့် သက်ငယ်မုဒိန်းဖြစ်ပွားမှုမှ တားဆီးကာကွယ်ရေးအတွက် ပြည်သူများပူးပေါင်း ဆောင်ရွက်ရမည့်အချက်များ၊ မိဘအုပ်ထိန်းသူများအနေဖြင့် သတိပြုရမည့်အချက်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရေးအတွက် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိပြီး ယခုရိုက်ကူးသည့် အမျိုးသမီးများအကြမ်းဖတ်ခံရမှုမှ တားဆီးကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်ကို We Love Kunlong နှင့် ကွမ်းလုံမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page များတွင် ထုတ်လွင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းနိုင်လင်း