ကန်ပိုက်တီမြို့၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်

ကန်ပိုက်တီ အောက်တိုဘာ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၌ ပြည်သူများမီးဘေးလုံခြုံရေးနှင့် မလိုလားအပ်သည့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန်ပိုက်တီမြို့ နယ်မြေမီးသတ်စခန်း တာဝန်ခံ ဦးလှမျိုးသန့်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာန၊ နယ်မြေရဲတပ်ဖွဲ့၊ ဆန်းလင်း လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များနှင့် ဈေးဆိုင်းခန်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်မီငြှိမ်းသတ်နိုင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ဟောင်းနွမ်းနေသော ဝါယာကြိုးများ လဲလှယ်ရန်၊ မီးခလုပ်များ ကောင်းမွန်ခြင်း ရှိ မရှိ၊ gas မီးဖိုများကို စနစ်တကျ သုံးစွဲရန် အသိပညာပေး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ကန်ပိုက်တီ(ပြန်/ဆက်)