ကန့်ဘလူမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်းထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲ ကျင်းပမည်

ပြည်သူများအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ တိုးတက်ပြန့်ပွားစေရေး အတွက် ရည်ရွယ်ကာ ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကို ဇွန် ၂ ရက်နေ့တွင် အ.ထ.က(၁) ကန့်ဘလူ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

ဓနုဖြူမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ရေတွင်းကုန်းကျေးရွာအုပ်စု၊ အ.မ.က ရေတွင်းကုန်းကျောင်း၌ ကျင်းပသည်။

ကျောက်မဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများတွင်ကျောင်းအပ်နှံသူများပြား

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ယမန်နေ့နေ့နံနက် (၉)နာရီအချိန်မှ စတင်ပြီး ကျောင်းအပ်နှံမှုကို စတင်လက်ခံလျက်ရှိရာ ကျောင်းများတွင် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက များပြားစွာ

ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ မိုခါမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ဒေသခံပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၊ ခရိုင်ပြည်သူ့ ဆေးရုံကြီးနှင့် ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ စားရေရိက္ခာများ ထောက်ပံ့ပေးအပ်

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက် ဖြူမြို့တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ဒေသခံပြည်သူများအား သောက်သုံး‌ရေများ ဖြန့်ဝေပေးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရှိ ဂို‌‌‌ဒေါင်များနှင့် ဘိုးဘွားရိပ်သာတို့အား သွားရောက်ကြည့်ရှုစစ်ဆေး၍ လူနာများနှင့် အဘိုး၊ အဖွားများအား စားရေရိက္ခာများ ထောက်ပံ့ပေးအပ်ပြီး အားပေးစကားများ ပြောကြားသည်။

လက်ပံတန်းမြို့တွင် စျေးကွက်အတွင်းရောက်ရှိနေသော တရားမဝင်ဆေးဝါးများဆိုင်ရာ အချက်အလက် မြေစိုက်ပိုစတာစိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စျေးကွက်အတွင်း ရောက်ရှိနေသော တရားမဝင်ဆေးဝါးများဆိုင်ရာ အချက်အလက်မြေစိုက်ပိုစတာစိုက်ထူခြင်းကို လက်ပံတန်းမြို့ မြို့မစျေး၊ ဘူတာနှင့်ကားဂိတ်များတွင် ယနေ့နံနက် ၁၀ နာရီက စိုက်ထူခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ချောင်းဆုံမြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အတွင်းရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်အခြေခံပညာရေးဦးစီးဌာနမှ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက်(၉း၀၀)နာရီက ချောင်းဆုံ(အ.ထ.က)ကျောင်း သီရိရတနာ ခန်းမတွင် ကျင်းပသည်။

ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးရေးသန်လျင်၌ သင်တန်းဖွင့်လှစ်

သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျေးရွာများတွင် အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင်စီးပွားဖြစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ စာပေစကားဝိုင်းကျင်းပပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များမှ စာပေစကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုင်းခတ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB(1.16)(Arcturus) ရောဂါကာကွယ်ရေး Mask Campaign ကို ယနေ့နံနက် (၇) နာရီအချိန်က မြို့မစျေးနှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။

မြန်အောင်မြို့ အမှတ်(၃)ရပ်ကွက်  မြို့မနေခြည်စျေး၌ လေ​ပွေတိုက်ခတ်မူကြောင့် စျေးဆိုင်ခန်းများ ပျက်စီး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့အမှတ်(၃)ရပ်ကွက်  မြို့မနေခြည်စျေးတွင် ယမန်နေ့ညနေက လေပွေတိုက်ခတ်မူကြောင့် ဆိုင်ခန်း ၂၁ ခန်းနှင့် (၈၀/ ၁၃) ပေရှိ အသားငါးရုံစျေးတန်းမှာ အမိုးများ၊ ထုတ်တန်းများ ပျက်စီးခဲ့ပြီး စျေးအိမ်သာ သွပ်အမိုးများလန်ခဲ့ကြောင်းသိရသည်။
Subscribe to