ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၈)နာရီအချိန်က ဘူးသီးတောင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် သမဝါယမရုံးရှေ့တို့၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လှည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး ဆက်လက်ထွက်ခွာရာ အခြေခံပညာအလယ်တန်းကျောင်းခွဲ (မြို့သစ်) ကျောင်း၌ မိုခါမုန်တိုင်း လေဘေးဒဏ်ကြောင့် ပျက်စီးနေသည့် ကျောင်းအဆောက်အဦ ပျက်စီးနေမှုကို လှည့်လှည်ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

နမ့်စန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအခြေအနေများကို မြို့နယ်မှ တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် တွင် ၂၀၂၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ မေလ ၂၃ ရက်နေ့မှစ၍ ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံမှုအခြေ အနေများကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် ယနေ့ နံနက် ၂ နာရီခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ဇွန်(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ် အဖြစ် မေ(၂၃)ရက်မှ (၃၁)ရက်နေ့အထိ ကျောင်းသား/ ကျောင်းသူများအား ကျောင်အပ်နှံမှုလက်ခံပေး ခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ယနေ့တွင် စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် လာရောက် ကျောင်းအပ်နှံခဲ့ကြကြောင်းသိရသည်။

စစ်ကိုင်းမြို့တွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

စစ်ကိုင်းခရိုင် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို မေ(၂၅)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် အစားအသောက်ဘေးကင်းလုံခြုံရေးအသိပညာပေး Talk Show ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အစားအသောက်ဘေးကင်းလုံခြုံရေး အသိပညာပေး Talk Show ကို မေလ၂၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်က မြိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ပြုလုပ်သည်။

နတ်မောက်မြို့နယ်တွင် တောင်သူများ ဝါသီးနှံ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များ ပံ့ပိုးပေးနိုင်ရန် စစ်တမ်းကောက်ယူခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် တောင်သူများ ဝါသီးနှံပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်ချက်ပံ့ပိုးပေးနိုင်ရန် စစ်တန်းကောက်ယူခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ သည်။

မိုင်းငေါ့မြို့တွင် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းတို့ကို ယနေ့၊ နံနက်(၈)နာရီ ကချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ‌ရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

မုန်တိုင်းဒါဏ်ကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများကို ဆောင်ရွက်ရန် ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပြိုလဲသွားသည့် သစ်ပင်ကြီးများအား ခုတ်ထွင်းရှင်းလင်းဆောင်ရွက်နေမှုနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်မှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ အလိုတော်ပြည့်ဘုရားကြီးဝင်းနှင့် လမ်းတစ်လျှောက် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့် သစ်ပင် ကြီးများအား ခုတ်ထွင်းရှင်းလင်းခြင်းကို ယနေ့၊ နံနက်(၇)နာရီက မြို့ပေါ်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

တမာပင်အကြောင်း သိကောင်းစရာအဖြာဖြာနှင့် စိုက်ပျိုးရေးတွင်ယနေ့ အသုံးဝင်လာပုံ

တမာပင်ကို မြန်မာလူမျိုးတိုင်းသိသည်။ အိန္ဒိယနိုင်ငံတွင် တမာပင်အကြောင်းကို ပို၍ လူသိများ၏။ အိန္ဒိယတိုင်းသားတို့သည် နံနက်စောစောအိပ်ရာကထလျှင် တမာခက်ကိုချိုး၍ တံပူစားလေ့ရှိသည်။ တံပူစားသည်ဆိုသောစကားမှာ သွားတိုက်သည်ကိုဆို၏။ မြန်မာလူမျိုးအချို့သည် ယနေ့ထက်တိုင်
Subscribe to