မြစ်သားမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မြစ်သား အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွှေသူ‌ဌေးရပ်ကွက်ရှိ ရွှေသူဌေး (အမက) ကျောင်း၌ ယနေ့နံနက် (၁၀) နာရီခွဲကစာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့မူမှ  ကျောင်းသား၊ ကျောင်းသူများအား ယဉ်ကျေးလိမ္မာမှု ရှိစေရန်နှင့် စည်းကမ်းရှိစေရန် အကြောင်းအရာများ ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးအတွက် အသိပညာပေးအကြောင်းအရာများနှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများအကြောင်းကို ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ် စာစောင်များနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သီတာအောင် (မြစ်သား)