နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ “ဘဝကို ကောင်းကျိုးမပေးသော လူ့မာန” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်
စာအုပ်စာပေဝါသနာပါသူ(Club)အဖွဲ့ဝင်များ စုစည်း၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ “ဘဝကိုကောင်းကျိုးမပေးသော လူ့မာန"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။