ဥတ္တသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ ကျေးရွာများနှင့် ရုံး၊ ဌာနများသို့ ငှားရမ်း‌ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ရုံးဝန်ထမ်းများက ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။

ပန်းတောင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကျေးရွာအုပ်စု ရပ်ကျေးစာရေးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အစည်းဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကျေးရွာအုပ်စု ရပ်ကျေးစာရေးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အစည်းဝေးကို ယမန်နေ့နံက်ကိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံအား ပြန်လည်ထူထောင်ရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး

အလွန့်အလွန် အားကောင်းသော မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ (၂၃၀)ကေဗွီ ပင်မ ဓာတ်အားခွဲရုံအား ပြန်လည်ထူထောင်ရေးလုပ်ငန်းကို လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျာနီယာနှင့် ကျွမ်းကျင်လုပ်သားများဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ၉၀ ရာခိုင်နှုန်းထိ ပြီးစီးလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အဂတိလိုက်စားမှု ကျူးလွန်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို ကာလတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေစေရေး၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ ရရှိခံစားရစေရန် ရည်ရွယ်၍

ကွန်ဟိန်းမြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်မြို့နယ်အတွင်းရှိ မိဘပြည်သူများ သွေးလွန်တုတ်ကွေးရောဂါကင်းဝေးစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေး ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် (အဘိတ်ဆေး)ခတ်ခြင်းများကို ယမန်နေ့နံနက် (၈)နာရီအချိန်က  မြို့မစျေးနှင့် အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကန့်ဘလူမြို့၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ကန့်ဘလူမြို့၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ အောင်ဝင်းငြိမ်း(ကန့်ဘလူ) ခရိုင် (ပြန်/ဆက်)

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် Grade-9နှင့် Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ

ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်သော KG+12 သင်ရိုးသစ်ပညာရေးကို အောင်မြင်စွာ သင်ကြားသင်ယူမှုပြုနိုင်ရန်ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် Grade- 9 နှင့် Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်းကို တိုင်းဒေသကြီးအဆင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့၊ မွန်းလွဲပိုင်းက သင်တန်းဆင်းပွဲကို အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဇီးကုန်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၄)လုံး အမိုးလန်ပျက်ဆီး၍ တစ်လုံးပြိုလဲ

ပဲခူးတိုင်းဒေသကြီး  နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်ချိန်ခန့်က  လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၄)လုံးအမိုးလန် ပျက်ဆီးပြီး၊ နေအိမ်တစ်လုံး ပြိုလဲခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် လယ်ဝေးမြို့နယ်အတွင်း လေးဘေးသင့်ခဲ့သော အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့အား ပြန်လည်ထူထောင်နေရာချထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေးဘေးသင့်ခဲ့သော အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့အား ပြန်လည်ထူထောင်နေရာချထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီခွဲက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Subscribe to