ဝမ်းတွင်း အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ရေဆုံးကျေးရွာအုပ်စု၊ ရေဆုံးကျေးရွာ ဓမ္မာရုံ တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟာမန်မှဒေသဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေး အတွက် စစ်ကြောင်းအသွင်ဖြင့် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက် ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ဒေသအတွင်းဆောင်ရွက် လျက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာများနှင့် ရပ်ရွာအေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ပေးခဲ့ ကြောင်းသိရ သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်မှ တပ်မတော်မှ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်မြေအတွင်း ဆောင်ရွက် လျက်ရှိသော တည်ငြိမ်းအေးချမ်းရေး၊ နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး(ယာယီ)ရဲမှူးဝင်းကျော်သူမှ ခိုးဆိုးလုနှိုက်နှင့် ဒုစရိုက်မှုများ ဖြစ်ပွားမှုမရှိစေရေး၊ ထူးခြားမှု ဖြစ်စဉ်များရှိပါက ပြည်သူများ အနေဖြင့် သတင်းပေးကြရန်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ မိမိတို့ကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများမှ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်လျှက်ရှိသော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ စိုက်ပျိုးရေးအတွက်ရေကန်ဆိုင်ရာ လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြပြီး သဘွတ်ကုန်းကျေးလက်ကျန်းမာရေး ဌာန၊ သားဖွားဆရာမ ဒေါ်မော်မော်ဝင်းမှ ကိုဗစ်၁၉ရောဂါမျိုးကွဲ အကြောင်းသိကောင်းစရာ ၊ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆိုင်ရာလူပ်ငန်းများကိုရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပြီး အသက် (၁၈) နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး (၆) လအထက်ရှိသူ ဒေသခံပြည်သူ (၆၀) ဦးအား ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟာမန်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူစုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)