စဉ့်ကူး အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရရှိခဲ့သူအား ဂုဏ်ပြုကြိုဆိုပွဲကို စဉ့်ကူးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲ၊ အဆိုပြိုင်ပွဲတွင် “ကိုယ့်အမျိုးကိုယ်ချစ်” သီချင်းဖြင့် တတိယဆု ရရှိခဲ့သူ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ G-11 ကျောင်းသူ မနှင်းစန္ဒာထွန်း အား စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်၊ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ဂုဏ်ပြုပန်းကုံးများဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ စီတန်းကြိုဆို ခဲ့ကြပြီး ဆုရရှိခဲ့သူက ပြိုင်ပွဲဝင်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)