မြို့သစ်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းသင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာနှစ်တွင် ဖွင့်လှစ်သည်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၀) နာရီက မြို့သစ်မြို့နယ်၊ မြေပြင်သကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

မြန်အောင်ခရိုင်တွင် ဖွင့်လှစ်သော ပျားဖြင့်ဝတ်မှုန်ကူးခြင်း ပညာပေးသင်တန်းဆင်းပွဲကျင်းပ

စိုက်ပျိုးရေးဦးစီးဌာနနှင့်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူရေးဌာနခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ပျားဖြင့်ဝတ်မှုန် ကူးခြင်းပညာပေးသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေက ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင် ခရိုင်၊  မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းသားသမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မိုးချေးငွေ ကျပ် ၅၀၀၀၀ သိန်း ထုတ်ချေးရန်လျာထား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးရာသီသီးနှံထုတ်လုပ်မှု ချေးငွေကျပ် ၅၀၀၀၀ သိန်း၊ ထုတ်ချေးရန် လျာထားလျက်ရှိကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်သူများမှစာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား/သူလေးများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး၊ အချင်းချင်းစာပေနှီးနှောဖလှယ်တတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်က စာရေးဆရာ စိုးသူ LPZ ရေးသားသည့် "လူငယ်တွေရဲ့ ရွှေရောင်အိမ်မက်များဆီသို့" စာအုပ်အားစာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ပခုက္ကူတက္ကသိုလ်၌ အခြေခံပညာအထက်တန်းအဆင့် Grade-12 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းဆင်းပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် Grade-12(သင်ရိုးသစ်) ဆင့်ပွားသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က ပခုက္ကူတက္ကသိုလ်၊ လေးထပ်ဆောင် (ဘွဲ့နှင်းသဘင်)ခန်းမ၌ ကျင်းပသည်။

မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် လူနေအိမ်များအား‌ ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မေလ(၂၃)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့်လူနေအိမ် (၁)လုံး၊ တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီး လူနေအိမ်(၅၅)လုံးနှင့် ဘုန်းကြီး‌ကျောင်း(၁)ကျောင်းတို့အတွက် မြို့နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းကမလွန်‌ကျေးရွာ၊ရေခါးကျေးရွာ၊ ကဒကျေးရွာနှင့် ညောင်ပင်ကျင်းကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးခဲ့သည်။

မုံရွာခရိုင် ပုဂ္ဂလိက ကျန်းမာ‌ရေး‌လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီက မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးခန်း(၄)ခုအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပုဂ္ဂလိက ကျန်းမာ‌ရေး‌လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် ခရိုင်ပုဂ္ဂလိက ကျန်းမာ‌ရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင်ရည်ရွယ်၍ မေလ ၂၄ ရက် နေ့ ညနေပိုင်းက မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးခန်း(၄)ခုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မိုင်းငေါ့မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်‌ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ဟိုပန်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံလျက်ရှိ

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ  ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃) ရက်နေ့မှ စတင်၍ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိသည်။
Subscribe to