စဉ့်ကူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

စဉ့်ကူး   အောက်တိုဘာ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီမှစ၍  ထုတ်ပေး​လျက်ရှိသည်။

စဉ့်ကူးမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (ပင်စင်) လစာထုတ်ယူသူ (၁၀၆၂) ဦးရှိပြီး ပင်စင်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် အုပ်စုများခွဲကာ နေ့ရက်သတ်မှတ်ပေး၍ အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၏ လုံခြုံရေးကိုလည်း သက်ဆိုင် ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ မလိုလားအပ်သောပြဿနာများ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ထုတ်ပေးလျက်ရှိ ကြောင်း၊ ယနေ့နေ့လယ်ပိုင်းအထိ လာရောက် ထုတ်ယူသူ (၃၇၀)ဦး ရှိပြီဖြစ်ကြောင်း၊ ထုတ်ယူရန်ကျန်ရှိသူများအတွက် ပင်စင်လစာငွေ ထုတ်ပေးခြင်းကို နေ့စဉ်ရုံးပိတ်ရက်မှ အပ ရုံးဖွင့်ချိန်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)