မြန်မာ့ရိုးရာယဉ်ကျေးမှု ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီး  ပြိုင်ပွဲတွင် ဆုဆွတ်ခူးရရှိခဲ့သည့် ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ဆုဆွတ်ခူးရရှိခဲ့သည့် ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲကို အောက်တိုဘာ(၂၁)ရက် နံနက် (၁၀)နာရီက တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ရွှေတောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဟိုပန်မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရန် ဆောင်းနေကြာသီးနှံများစိုက်ပျိုး

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရန် ဆောင်းနေကြာသီးနှံများ မျိုးစေ့ထုတ်စိုက်ပျိုးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မော်ဟွေ့ကျေးရွာရှိ နေကြာသီးနှံ ပညာပေးစံပြကွက် ကွင်းအမှတ်(၁၃)၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံ ဆောင်းနေကြာများ စိုက်ပျိုးခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲ ပြုလုပ်

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စောစောင်နှင့်ဓာတ်ပုံပြပွဲ အခမ်းအနားအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ယမန်နေ့ မွန်းလွဲပိုင်းက အထက(ခွဲ) ဆယ်မိုင်ကျောင်းတွင် ပြုလုပ်သည်။

အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်း

ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/သူများ တက်ရောက်လေ့လာသင်ယူခဲ့ပြီး ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများသင်ကြားပို့ချပေးခဲ့သော အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၂၆၆၉၀ ဧက စိုက်ပျိုးရန်လျာထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၂၆၆၉၀ ဧက စိုက်ပျိုးရန်လျာထားကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းစုမြို့နယ်၏ လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး အထောက်အကူပြု မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းနှင့် ဦးကိုကိုလွင် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)တို့သည် တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိနှင့် မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက အောက်တိုဘာ(၂၁)ရက် နံနက်ပိုင်းက ကျွန်းစုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် 

မိုင်းယောင်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

တစ်ရှူးငှက်ပျောပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် အမြတ်ငွေပိုမိုရရှိနိုင်

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ယခုအခါစီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည့် တစ်ရှူးငှက်ပျောပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကာရောင်းချလျက်ရှိရာ အခြားသီးနှံများထက် ပိုမိုကာအမြတ်ငွေရရှိလျက်ရှိကြောင်း သစ်ရှူးငှက်ပျောစိုက်ပျိုး ရောင်းချသူများထံမှ သိရှိရသည်။

ဒေသတွင်းအသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြဖို့လို

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းသက်ရောက်မှုရှိခဲ့သည့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဦးမော့တိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၂ ၌ ကျင်းပသည်။
Subscribe to