ကျောင်းကုန်းမြို့၌ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်း(၁/၂၀၂၃) ဆင်းပွဲအခမ်းအနား ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အ.ထ.က(ခွဲ) အောက်ပိုင်းကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် IRRAWADDY GREEN TOWERS တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (နည်းပြ)သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။