မက်မန်းမြို့ မင်းရန်အောင်စေတီတော်ပတ်လမ်းရှိ Outdoor Fitness ၌ ကိုယ်ကာယလေ့ကျင့်ပြုလုပ်မှုမှ ပြည်သူများ ကျန်းမာရေးအတွက် အထောက်အကူဖြစ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ မင်းရန်အောင်စေတီတော်ပတ်လမ်းရှိ Outdoor Fitness ၌ နံနက်စောစောနှင့် ညနေ နေအေးအေး အချိန်များတွင် တောတောင်သဘာဝရှုခင်းခံစားကြည့်ရှုရင်း ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်မှုမှ ပြည်သူများ ကျန်းမာရေးအတွက် အထောက်အကူပြုလျက်ရှိသည်။

ပုဗ္ဗသီရိမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များအား ဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှု​ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၌ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည် သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များ အား စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်ဒေသများသို့ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ကုသမှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတိုးမင်းထွန်းဦးဆောင်သော အဖွဲ့ဝင် (၁၀) ဦးပါဝင်သည့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် ယမန်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းသင့် ဒေသများသို့ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ်တွင် ကျောင်းအပ်နှံနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်လံကြည့်ရှုအားပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်နေပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာရောက်အပ်နှံနေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ကျောင်းကုန်းမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာပေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်များကို  ခင်းကျင်း​ပြသ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ အသိပညာများ တိုးပွားစေရေး၊ ရှောင်ရှားသင့်သည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အချိန်တိုအတွင်း သိမှတ်နိုင်စေရန် ရည်ရွက်ချက်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နံရံကပ်စာစောင်ပြပွဲကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း ဘုရင့်နောင်တွင် ကျောင်းအပ်နှံမှု အခြေအနေအား လိုက်လံကြည့်ရှုအားပေး

ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ် ဘုရင့်နောင် အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းနေရွယ် ကလေးများအားလုံး ပညာသင်ခွင့်ရရှိရေးအတွက် မေလ ၂၃ ရက်နေ့မှစပြီး ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ဘုရင့်နောင်တပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူတို့က ကျောင်းအပ်နှံမှု အခြေနေအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်း အနားသို့တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။

လောက်ကိုင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသလောက်ကိုင်မြို့တွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းများကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရန်ပုံငွေရှာဖွေထိန်းသိမ်းရေးအဖွဲ့၏ ကျန်းမာရေးအဖွဲ့များက ယနေ့နံနက်ပိုင်းက ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to