စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောက်မီးသွေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းပေးခြင်း အစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျောက်မီးသွေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းပေးခြင်း အစည်းအဝေးကို   အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်း၊ ကျော်မီးသွေးလုပ်ငန်းရှင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒေးဒရဲမြို့၌ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာ အတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် (၁၁) နာရီက တော်ချိုက်ကျေးရွာအုပ်စု၊ တော်ချိုက်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင်  ကျင်းပ ခဲ့သည်။

ကျိုက်လတ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် ယမန်နေ့နံနက် (၉)နာရီခွဲ အချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်ရုံး Community Centre တွင် မူးယစ်​ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community Centre)တွင် ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်စာပေအသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ(၃)နာရီကလူငယ်နှင့်စာပေအသိပညာပေး TalkShow ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

တီးတိန်မြို့၌မြို့တွင်းလှပသာယာရေးစုပေါင်းသန့်ရှင်းရေးပြုလုပ်

ချင်းပြည်နယ်တီးတိန်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့်မြို့တွင်း လှပသန့်ရှင်းရေး အတွက်ယမန်နေ့နံနက် ၈နာရီက စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြောင်း သိရသည်။

မြန်အောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to