ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဘားအံ  အောက်တိုဘာ  ၂၁

ပြန်ကြား‌ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အားကစားနှင့် လူငယ်ရေးရာအသိပညာ‌ပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) အချိန်ခန့်က ဘားအံမြို့ တော်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)  ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဟောပြောပွဲတွင် တော်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မှ  တာဝန်ခံကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်အေးချိုက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ရုံးမှ  ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က လူငယ်နှင့်တန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမင်းသန့်ဇင်က အားကစားနှင့် ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နော်ဩသျှာဖောက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။

ထိုနောက် ခရိုင်နှင့်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ‌ ကျောင်းအုပ်ဆရာမကြီး လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)