မြင်းခြံ အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) တွင် (အမျိုးသား) အကြီးတန်း အသင်းလိုက် (တတိယ) ဆုရရှိခဲ့သော မြင်းခြံခရိုင် စစ်တုရင်အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်က အုပ်ချုပ်သူ/ နည်းပြ/ အားကစားသမားများနှင့် တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမင်းအောင်က ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးကျော်ဝင်းစိန်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ပြီး စစ်တုရင် အသင်းနည်းပြ ဦးအောင်မြင့်မော်က ဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီး၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့် ဌာနဆိုင်ရာများသည် ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော သုတရသ စာအုပ်စာစောင်များအား ဝင်ရောက်လေ့လာဖတ်ရှုကြကြောင်း သိရသည်။
မြင်းခြံခရိုင် (ပြန်/ဆက်)