တောင်တွင်းကြီး မေ ၂၆
လူထုအခြေပြုဗဟိုဌာန (Community Center) များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ Community Activities များ အရှိန်အဟုန်မပျက် လည်ပတ်နိုင်စေရန်နှင့် ပြည်သူလူထု၊ ကျောင်းသား၊ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ဖွဲ့စည်းထားသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးမှူးဒေါ်အေးမိုးမိုးမြင့်က အစည်းအဝေးကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၏ ရှေ့လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာကြီးများက (Book Club) ဖွဲ့စည်းထားမှုအခြေအနေများ၊ ကျောင်းသား လူငယ်များနှင့် လစဉ်စာဖတ်ဝိုင်းကျင်းပသွားမည့်အခြေအနေများ၊ လစဉ်ပြုလုပ်သွားမည့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ကူညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ ဦးခင်မောင်ဝင်း(ဆရာညီရွှေဝင်း)၊ ဦးစိုးမြင့်(ဆရာမောင်စိုးလွှမ်း)၊ ဦးအောင်သက် (ဆရာတောင်တွင်းအောင်သက်ဦး)၊ ဦးရဲငွေ(ဆရာနေအေးချို)၊ ဦးသူရိန်မျိုးမင်း (ဆရာနေပန်ဦး)၊ ဦးနိုင်ဦး (လောကတက္ကသိုလ်စာကြည့်တိုက်မှူး)၊ ဦးနိုင်ဝင်း (တောင်တွင်း နိုင်ဝင်း)နှင့် ဧည့်သည်စာရေးဆရာများ စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)