ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ စိုက်ပျိုးရေအဆင်ပြေစွာ ရယူသုံးစွဲနိုင်ရန် ရေပေးမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ပေါင်းကူးတံတား ပျက်စီးနေမှုအား စုပေါင်းပြုပြင်ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံများ စိုက်ပျိုးရာ၌ စိုက်ပျိုးရေအဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့နယ်ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ လမ်းညွှန်မှုဖြင့် ဆည်ရေလုပ်သားများ ပူးပေါင်းအဖွဲ့က မဲဇလီ ရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေပေးထားသည့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ ကုလားဟောင်းကျေးရွာ လက်တံ(၄) ရေပေးမြောင်း ရေစီးရေလာ ကောင်းမွန်စေရေး ရေမှော်ပင်များနှင့် ဒိုက်ပင်များ ရှင်းလင်းခြင်းနှင့် ရေလက်တံမြောင်း ပေါင်းကူးတံတား မိုးရေ တိုက်စားမှုကြောင့် ပျက်စီးနေမှုအား အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် စုပေါင်းပြုပြင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။