မိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မိုင်းတုံ မေ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံကျောင်းဝန်းရှိ နီလာဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရာ မိုင်းတုံအခြေချ စစ်ဗျူဟာမှူးကြီး  ဗိုလ်မှူးကြီ ဇော်မင်းဦး၊ ခရိုင်/မြို့နယ် တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ခရိုင်/မြို့နယ်မှ တာဝန်ရှိဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အထက မိုင်းတုံကျောင်းမှ ကျောင်းသူ/ကျောင်းသားများက မြန်မာ့ကျောင်းသား သီချင်းဖြင့် ဖွင့်လှစ်သည်။ ဆက်လက်၍ မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီး  ဗိုလ်မှူးကြီးဇော်မင်းဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်ကလည်းကောင်း၊ ခရိုင်ပညာရေးမှူး ဦးမြတ်မိုးကလည်းကောင်း အမှာစကားပြောကြားသည်။

ထို့နောက် မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီး  ဗိုလ်မှူးကြီးဇော်မင်းဦးက ကျောင်းဝတ်စုံများကို ပေးအပ်ရာ နားကောင်းမှု အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးသိန်းနိုင်ကလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က  ဗလာစာအုပ်များကို ပေးအပ်ရာ အ.ထ.က မိုင်းတုံမှကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်ကလည်းကောင်း၊ ခရိုင်ပညာရေးမှူး ဦးမြတ်မိုးက ပုံနှိပ်စာအုပ်များကို‌ ပေးအပ်ရာ ပုံပါကျင် အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးပြုံးယဉ်ကလည်း‌ကောင်း အသီးသီးလက်ခံခဲ့ကြ‌ကြောင်းသိရှိရပြီး အခမ်းအနားကို ၁ဝး၃၀ အချိန်က ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးကျော်စိုး( မိုင်းတုံ၊ ပြန်/ဆက်)