ဟုမ္မလင်း၌ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဆင်းဧကရီ-၃ (RS) မျိုးစေ့ပေးအပ်ပွဲနှင့် မိုးစပါးမျိုးစေ့ထုတ် နည်းပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပ

ဟုမ္မလင်း မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဆင်းဧကရီ-၃ (RS) မျိုးစေ့ပေးအပ်ပွဲနှင့် မိုးစပါးမျိုးစေ့ထုတ် နည်းပညာပေးသင်တန်းဖွင့်ပွဲကို မေလ(၂၆)ရက်နေ့နံနက် (၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်အောင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဆင်းဧကရီ-၃ (RS)မျိုးစေ့ပေးအပ်ရခြင်းနှင့် သင်တန်းနည်းပညာပေး ဆောင်ရွက်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော တောင်သူများအား မိုးစပါးမျိုးစေ့ထုတ် ဆင်ဧကရီ-၃ (RS)ပေးအပ်ရာ ခေါင်ခမ်းကျေးရွာအုပ်စု မျိုးဆက်သစ် မျိုးဆက်သစ်မျိုးစေ့ထုတ် တောင်သူအဖွဲ့၊ ကက်သာကျေးရွာအုပ်စု၊ အောင်တံခွန်မျိုးစေ့ထုတ်တောင်သူ (၂)ဖွဲ့နှင့်
ကျေးရွာ(၁၅)ရွာ၊ အကျိုးဆောင်တောင်သူကိုယ်စားလှယ် (၂၀)ဦးတို့အား
ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဝင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး​နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ မိုးစပါးမျိုးစေ့ထုတ် နည်းပညာပေးသင်တန်း ပို့ချခဲ့ရာ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်/ထောက်ဦးစီးမှူး ဦးယောထန်းက တောင်သူများကိုယ်တိုင် စပါးမျိုးများ ထိန်းသိမ်းစိုက်ပျိုးခြင်းနှင့် ပတ်သတ်၍ လည်းကောင်း၊ ဒု-လက်/ထောက် ဦးစီးမှူး ဒေါ်သန်းသန်းအေးက မိုးစပါးမျိုးကောင်းမျိုးသန့်စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပို့ချခဲ့ကြပြီး၊ တက်ရောက်လာသော တောင်သူများမှ မိမိသိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ ကြကြောင်းသိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)