ဝေါ မေ ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဥ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ်ခန်းမတွင် ရန်ပုံငွေပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသီဟထွန်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံစီးပွားရေးရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်မြင့်မားစေရန် ရင်းနှီးမတည်ငွေထုတ်ချေးသည့်အကြောင်း ရှင်းလင်းအမှာစကားပြောကြားသည်။ ဆက်လက်၍မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်မိုးလွင်က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးချေးငွေများထုတ်ချေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝေါမြို့နယ်အတွင်းရှိ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် MSMEs လုပ်ငန်းရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသီဟထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက မိုးစပါးစိုက်ပျိုးထုတ်လုပ်သည့်တောင်သူ(၁၆၂)ဦး၏ (၁၁၀၀)ဧကအတွက် ချေးငွေကျပ်(၂၂၀၀၀၀၀၀၀)ကျပ်အားလည်းကောင်း၊ ရေသန့်၊ ရွှေငါးမွေးနေ့ကိတ်၊ ပဲအံစာမုန့်လုပ်ငန်း၊ ငါးခြောက်အမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်သူ(၉)ဦးအား ချေးငွေကျပ်(၃၅၀)ကျပ်သိန်းနှင့် ဝက်အသားတိုးမွေးမြူသူ(၃)ဦးတို့အား ချေးငွေကျပ်(၃၅၀)ကျပ်သိန်းတို့အား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)