တပ်ကုန်း မေ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းအပ်နှံရေးနေ့ သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုက အဖွင့်အမှာစကားပြောကြားပြီး နောက် ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်နှင့် မြို့နယ်ပညာရေးမှူးတို့က အခမဲ့ဖြန့်ဝေသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့်ခဲတံများအား သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ ပေးအပ်ခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာကျင်းပခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် အထက်တန်းကျောင်း(၁၄)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၁၆) ကျောင်း၊ အလယ်တန်းကျောင်း(၁၆)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၁၈)ကျောင်း၊ မူလတန်း (လွန်) (၄၄)ကျောင်း၊ မူလတန်းကျောင်း(၅၃)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၄)ကျောင်း၊ စုစု ပေါင်း(၁၆၅)ကျောင်းတို့တွင် မေ ၂၃ရက်နေ့မှ ၃၁ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တ ပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဇွန်လ ၁ ရက်နေ့မှ စတင်၍ အခြေခံ ပညာကျောင်း အားလုံးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်