ကျောက်ကြီးမြို့နယ် ကုန်းကျောင်းပရိယတ္တိစာသင်တိုက်၌ မြို့နယ်ဌာနဆိုင်ရာများ နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကုန်းကျောင်းပရိယတ္တိစာသင်တိုက်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဗျူဟာ ဒုတိယဗိုလ်မှူးကြီး ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး ကုန်းကျောင်းပရိယတ္တိစာသင်တိုက်ရှိ စာသင်စာချဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။