နမ္မတူတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံလက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

နမ္မတူ မေ ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှစ၍ ကျောင်းအပ်နှံလက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် တာဝန်ရှိသူများက ကျောင်းများသို့ ကွင်းဆင်း၍ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမှတ် (၁)၊ (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာမူလတန်း လွန်ကျောင်းများသို့ ကွင်းဆင်းကာ KG တန်းမှ Grade-12 အထိ မိဘအုပ်ထိန်းသူများက ကျောင်းသား၊ ကျောင်းသူများအား အတန်းအလိုက် ကျောင်းအပ်နှံမှုအခြေအနေအား လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များအား သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု၊ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၁)ကျောင်း၊ မူလတန်းကျောင်း (၃၂)ကျောင်းနှင့် မူလတန်းကျောင်းခွဲ (၂)ကျောင်း၊  စုစုပေါင်း အခြေခံပညာစာသင်ကျောင်း (၅၄)ကျောင်းဖွင့်လှစ်မည်ဖြစ်ပြီး ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၂၆၃၁ ဦး ကျောင်းအပ်နှံ လက်ခံထားရှိပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။

လူမော် (ပြန်/ဆက်)