ပေါက်ခေါင်း မေ ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးမျိုးမင်းမင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းရှင်များတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်က အဖွင့်အမှာစကားနှင့်ယခုထုတ်ပေးသည့် ချေးငွေများနှင့်ပတ်သက်ပြီး မိမိအသုံးပြုသည့်ကဏ္ဍအလိုက် အလေအလွင့်မရှိစေဘဲ စနစ်တကျအကျိုးရှိအောင်အသုံးပြုနိုင်ရန်မှာကြားပြီး ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်က နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs အသေးစားလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်မည့်လုပ်ငန်းရှင်များအား လုပ်ငန်းအမျိုးအစားအလိုက် တစ်ဦးချင်းချေးငွေများထုတ်ပေးခဲ့သည်။ ပေါက်ခေါင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် စိုက်ပျိုးရေးကဏ္ဍအတွက် ကျပ်သိန်း(၂၂၀၀)၊ မွေးမြူရေးကဏ္ဍအတွက် ကျပ်သိန်း(၃၅၀)နှင့်MSMEs အသေးစားလုပ်ငန်းများအတွက် ကျပ်သိန်း(၆၀၀)ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)