ရွှေပြည်သာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးသီတင်းပတ်အခမ်းအနားကျင်းပ

ရွှေပြည်သာ မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးသီတင်းပတ်အခမ်းအနားကို ယနေ့နံနက် ၉း၃၀ အချိန်တွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းနေပျော်ပြီးစာတော်သော ကျောင်းသား/သူများဖြစ်အောင် မြို့နယ်တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ ကလေးများကျောင်းသို့ရောက်အောင် ကူညီဆောင်ရွက်ပေးကြရန်တို့ကိုပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးဝင်းမြင့်က ကျောင်းအပ်နှံရေးနှင်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးမှ နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းလှိုင်နှင့်အဖွဲ့ဝင်များက ကျောင်းဝတ်စုံ၊ ဗလာစာအုပ်များနှင့် ခဲတံ၊‌ ဘောလ်ပင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)