မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဒေသတွင်း စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီခွဲက သံပုရာကန်ကျေးရွာ ကုန်ထုတ်လမ်းဘေးမြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။