ငဖဲ မေ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြိုကာလတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာစေရေး၊ ရာသီဉတုအပူဒဏ်ကာကွယ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ငဖဲမြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်က ဇီးတောကျေးရွာအုပ်စု ရှောက်ဝကျေးရွာအခြေခံပညာမူလတန်း ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြသည်။
အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်လွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိဦးကျော်မင်းသိန်းနှင့်ဝန်ထမ်းများ၊ ကျေးရွာပြည်သူများက ရှောက်ဝကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝန်းအနောက်ဘက်တွင် ကျွန်း(၁၀)ပင်၊ မယ်ဇလီ(၁၀)ပင်၊ စိန်ပန်းကြီး(၅၀)ပင်၊ ယင်းမာ(၅၀)ပင်၊ တမာ(၅၀)ပင်၊ ဖျောက်ဆိပ်ပင်(၂၀)နှင့် မျောက်ငို(၁၀)ပင် စုစုပေါင်းအရိပ်ရသစ်ပင် ပျိုးပင်(၂၀၀)ကိုစုပေါင်း၍ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ငဖဲမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအဖြစ် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုမှ စုပေါင်းသစ်ပင်စိုက်ပျိုးရန်အတွက် ကျွန်း(၁၀၀၀၀)၊ မျောက်ငို(၅၀၀၀)၊ ပျဉ်းကတိုး(၅၀၀၀)၊ ပိတောက်(၅၀၀၀) စုစုပေါင်းပျိုးပင်(၂၅၀၀၀)ကိုမြို့မပျိုးဉယျာဉ်တွင် ပျိုးထောင်ထားရှိကြောင်းသိရသည်။
မယု(ငဖဲ)