မိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊‌ ဒေသန္တရ စီမံကိန်းရည်မှန်ချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 

မိုင်းတုံ  မေ  ၂၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့ (၂း၀၀) အချိန်က  မိုင်းတုံ မြို့နယ် စီမံကိန်းဦးစီးဌာနမှဦးစီး၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်‌ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်ကလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးကလည်း‌ကောင်း အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်က စီမံကိန်း ရည်မှန်းချက်များ တာဝန် ပေးအပ်ခြင်းနှင့် ပတ်သက်၍ အကျယ်တစ်ဝန်း ရှင်းလင်းပြောကြားပြီးနောက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ခရိုင်စီမံကိန်း ရည်မှန်းချက် တာဝန်များကို ပေးအပ်ရာ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှအေးကလည်းကောင်း၊ မြို့နယ်စီမံကိန်းရည်မှန်းချက် တာဝန်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးမှလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက မြို့နယ်လယ်ယာကဏ္ဍာကြီး တာဝန်ကို ပေးအပ်ရာ မြို့နယ်စိုက်ပျိုးရေး ဦးစီအရာရှိ ဦးထွန်းထွန်းဝင်းမှ လည်းကောင်း၊ မြို့နယ်စက်မှုကဏ္ဍကြီး တာဝန်ကို ပေးအပ်ရာ မြို့နယ်လမ်းဦးစီးဌာနမှ ဦးရဲအောင်ကလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး တာဝန်ကို  မြန်မာ့စီးပွားရေးဘဏ်မှ  မြို့နယ်မန်နေဂျာ ဒေါ်အေးအေးညိုကလည်း‌‌ကောင်း၊ ခရိုင်မြေစာရင်း ဦးစီးမှူး ဦးမိုးဇော်ထက်က ကျေးရွာအုပ်စုအလိုက်အတွက် ပေးအပ်ရာ ဝမ်နားကျေးရွာအုပ်ချုပ်ရေးမှူးကလည်းကောင်း၊ မိုင်ဟန်‌ကျေးရွာ အုပ်စုအတွက် မိုင်ဟန်ကျေးရွာ အုပ်ချုပ်ရေးမှူး ကလည်း‌ကောင်း၊ မြို့နယ်စိုက်ပျိုး‌ရေး ဦးစီအရာရှိ ဦးထွန်းထွန်းဝင်းက ပုံပါကျင်ကျေးရွာအုပ်စုအတွက် ပေးအပ်ရာ ပုံပါကျင်မြို့ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်ဇံမှလည်း‌ ကောင်းအသီးသီးလက်ခံခဲ့ကြသည်။ဆက်လက်ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်‌ ဒေသန္တရ စီမံကိန်းရည်မှန်းချက်တာဝန်နှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးကျော်စိုး(ပြန်/ဆက်)