ဆီဆိုင်မြို့နယ်၌ ရေရှားပါးကျေးရွာသို့ သောက်သုံးရေလှူဒါန်း

ဆီဆိုင် မေ      ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နွေရာသီရေရှားပါးသောကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပင်စုံကျေးရွာအုပ်စု၊ ဖြီဟန်ခါးကျေးရွာအရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သောက်သုံးရေများ ဖြန့်ဝေပေးလှူဒါန်းရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီမှူးဦးထျာရယ်နှင့် ဝန်ထမ်းများက ပင်စုံကျေးရွာအုပ်စု၊ ဖြီဟန်ခါးကျေးရွာရှိ ကျေးလက်နေပြည်သူများအား သောက်သုံးရေအဆင်ပြေစေရန် ရေဂါလန် ၁၀၀၀ ဆန့် ရေသယ်ယာဉ်တစ်စီးဖြင့် စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာများ၌ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများအနေဖြင့် နွေရာသီကာလသောက်သုံးရေရှားပါးပြီး ပြတ်လပ်မှုအခက်အခဲရှိပါက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဖုန်း 09-421136170 သို့အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)