ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ပေးအပ်

မင်းလှ မေ ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများအား မင်းလှမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများ ဆောင်ရွက်မည် ဒေသခံပြည်သူများထံသို့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က “နိုင်ငံ၏ စီးပွားရေး အခြေအနေ ကောင်းများ ဖန်တီးနိုင်မှ သာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်”ဆိုသည့်မူဝါဒနှင့်အညီ လုပ်ငန်းများ အ ကောင်အထည်ဖော် ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့် MSMEs ကဏ္ဍများတွင် ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ပြီး တစ်ဦးချင်း ဝင်ငွေတိုးတက်စေရန် ဤစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စိုက်ပျိုးရေး ကဏ္ဍတောင်သူ(၂၀၃)ဦး၏ ဧက (၁၁၀၀)အတွက် ချေးငွေကျပ်သိန်း (၂၂၀၀)၊ မွေးမြူ ရေးကဏ္ဍအသင်း အဖွဲ့(၁)ဖွဲ့၏ ဒေသခံ(၃) ဦးအတွက် ချေးငွေကျပ်သိန်း(၃၅၀)၊ MSMEs ကဏ္ဍ လုပ်ငန်းရှင်(၄) ဦးအတွက် ချေးငွေကျပ်သိန်း (၂၉၀) စုစုပေါင်းလူဦးရေ(၂၀၇)ဦးအတွက် ကျပ်သိန်း (၂၈၄၀)အား တစ်လလျှင်အတိုးနူန်း ၀ ဒသမ ၅ ရာခိုင်နူန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)