မြောက်ဦး မေ ၂၇
မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုစာရင်းများအား ပြန်လည်စိစစ် စာရင်းပြုစုခြင်းလုပ်ငန်း ဆောင်ရွက်နေသော မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ ကောက်ယူထားရှိမှုအခြေအနေကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်း၊ အစည်းအဝေး ခန်းမ၌ ကြည့်ရှုစစ်ဆေးသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ မုန်တိုင်းသင့်လူနေအိမ်များအား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက စာရင်းကောက်ယူ တင်ပြချက်များအပေါ် လိုအပ်သည့်အချက်အလက်များ ထပ်မံစိစစ် ဖြည့်သွင်းခြင်းများဆောင်ရွက်လျက်ရှိရာ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်း တာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် နှင့် တာဝန်ရှိသူများသည် အချက်အလက်များ မှန်ကန်မှုရှိစေရေး လိုအပ်သည့်အချက်အလက်များ ထပ်မံစာရင်းကောက်ယူခြင်း ဆောင်ရွက်ရာတွင် ပြည့်စုံမှုရှိစေရေးတို့အတွက် တာဝန်ရှိသူများအား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မြင့်စိုး(ပြန်/ဆက်)