ဟဲဟိုး မေ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)နာရီက ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ဆရာ၊ ဆရာမများ၊ ရပ်မိရပိဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်ကပညာရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ဟဲဟိုးမြို့အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအား ကျောင်းအပ်နှံရေးကို ရာခိုင်နှုန်းပြည့်မီအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-9 အတန်းကို မသင်မနေရ ပညာရေးစနစ်ကို အခမဲ့ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်ကကျောင်းအပ်နှံရာတွင်လည်း ဘောပင်၊ ခဲတံ၊ ဗလာစာအုပ်၊ ပြဌာန်းပုံနှိပ်စာအုပ်၊ ကျောင်းဝတ်စုံများကိုလည်း အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းပြန်လည်နေနိုင်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းအကျိုးတော်ဆောင်၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ သင်ကြားရေးပိုင်းတွင် Grade-9 ၊ Grade-12 ကို သင်တန်းများ ပို့ချပေးပြီးဖြစ်၍ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချပြီးဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများအနေဖြင့် သင်ရိုးသစ်သင်ကြားပြီး ကျောင်းသား၊ ကျောင်းသူများ၏ တွေးခေါ်နိုင်စွမ်းကို ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ သင်ကြားရေးမြှင့်လာလျှင် ဆရာ၊ ဆရာမများ စိတ်ဓါတ်များလည်း မြှင့်လာမည့်ဖြစ်ကြောင်း၊ စာဖတ်နိုင်မှာ တွေးခေါ်နိုင်မှု မြှင့်လာမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် မှန်ကန်သောသစ္စာတရားဖြင့် ကျောင်းသား၊ ကျောင်းသူများ အဟန့်အတားများကို ကျောသား၊ ရင်သား မခွဲခြားဘဲ ဆောင်ရွက်ပေးကြရန်၊ နိုင်ငံတော်မှကလေးများစာတတ်စေချင်ကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းစေရန် ပြုပြင်ထိန်းသိမ်းရမည့်ကိစ္စရပ်များရှိပါက တင်ပြကြရန်နှင့် သက်ဆိုင်ရာမိဘများကလည်း ကျောင်းပြုပြင်ရန် ကျန်ရှိနေပါက တင်ပြပေးကြရန်၊ ဆရာ၊ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများကို စေတနာကောင်းဖြင့် မွေးထုတ်ပေးသည့်နေရာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို မေတ္တာစေတနာဖြင့် ကျောင်းအပ်နှံနိုင်ရန် အားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးစားပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောင်းဖွင့်ချိန်တွင် သွားရောက်ကွင်းဆင်းကြည့်ရှု၍ ကူညီဖြည့်ဆည်းပေးသွားမည့်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပညာရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ဟဲဟိုးမြို့အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးမှကျောင်းပြင်ထိန်းကိစ္စရပ်များ ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက ပြန်လည်ဖြည့်စွက်ပြောကြားပြီ ကျောင်းဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က ထောက်ပံ့ငွေပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနုနုကြည်နှင့် ကျောင်း အကျိုးတော်ဆောင်ဥက္ကဋ္ဌဦး မျိုးမင်းဦးတို့မှ လက်ခံရယူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြပြီး ဆရာ၊ ဆရာမများ၊ ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြောင်း သိရသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းသည် နံနက်(၁၁)နာရီက ကလောမြို့နယ် အောင်ပန်းမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကံ့ကော်ခန်းမ၌ ဆရာ၊ ဆရာမများ၊ ရပ်ဖိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းအပ်နှံရာတွင် ရာခိုင်နှုန်း(၁၀၀) ရရှိအောင်ဆောင်ရွက်ပေးစေလိုကြောင်း၊ စာတတ်မှ နိုင်ငံမြှင့်မည်ဖြစ်ပြီး စာဖတ်စွမ်းအား ရှိရန်လိုကြောင်း၊ Grade-9 အတန်းကို မဖြစ်မနေသင်ယူရမှာဖြစ်ပြီး ပညာရေးစနစ်ကို အခမဲ့ဆောင်ရွက်ပေးထားပါကြောင်း၊ ကလေးမျာကျောင်းပျော်အောင်ထားရှိပေးရန်၊ ပညာတတ်အောင် မွေးထုတ်ပေးရန်၊ ဆရာ၊ဆရာမများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုများရှိရမည့်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပြန်လည်ကျောင်းတက်ပါက အနာဂတ်ဘဝလှပမည့်ဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုများ စာတတ်နိုင်ရန်အတွက် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိရာ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရေးအတွက် အားလုံးကဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ယင်းနောက် အောင်ပန်းမြို့အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများက ကျောင်းအတွက် လိုအပ်ချက်များ ဆွေးနွေးတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒေါက်တာကျော်ထွန်းက ဆွေးနွေးတင်ပြချက်အပေါ် ပြန်လည်ဖြည့်စွက်ပြောကြားဆောင်ရွက်ပေးခဲ့ပြီး အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောက်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့ကပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဌေးနှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌတို့မှ လက်ခံရယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြား၍ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲ(၂)နာရီက အေးသာယာမြို့၊ စက်မှုဇုန်အခြေခံပညာ အထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက နိုင်ငံတစ်ခု၏ ဖောင်ဒေးရှင်းသည် ပညာရေးဖြစ်ကြောင်း၊ စာတတ်မှ နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း၊ ဒေသခံဆရာ၊ ဆရာမများကလည်း ကျောင်းသား၊ ကျောင်းသူများကို ကြိုးစားသင်ပေးကြရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ ဘဝမြှင့်တင်ရာတွင် ဆရာ၊ ဆရာမများမှ အဓိကဖြစ်ပါကြောင်း၊ နိုင်ငံတစ်ခု၏ မောင်းနှင်အားသည် ပညာရေးဖြစ်ပါကြောင်း၊ တိုင်းရင်းသားအများစုကို စာတတ်စေချင်ပါကြောင်း၊ ကလေးများ ကျောင်းပျော်အောင် မိဘ၊ ဆရာများမှ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အေးသာယာစက်မှုဇုန် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအကျိုးတော်ဆောင်များ ဆရာမများမှ ကျောင်းလိုအပ်ချက်များ ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက ဆွေးနွေးတင်ပြမှုအပေါ် ပြန်လည်ဖြည့်စွက်ပြောကြားပြီး ကျောင်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ်ဦးစိုင်းကျော်ဇံတို့ကပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌတို့မှ လက်ခံရယူကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)