ဂန့်ဂေါမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဒုတိယအကြိမ်ဆက်လက်ရောင်းချ

မကွေးတိုင်းဒေသကြီး၊  ဂန့်ဂေါမြို့၌  ဒေသခံပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ ငွေကျပ်သိန်း(၄၀) မတည်ငွေဖြင့် ဂန့်ဂေါခရိုင် သက်သာချောင်ချိရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဂန့်ဂေါမြို့နယ် သက်သာချောင်ချိရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ အပတ်စဉ်သောကြာနေ့တိုင်း ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၇)နာရီမှ(၉)နာရီအချိန်ထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် အခြေခံစားသောက်ကုန်များအား ရောင်းချပေးခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များရောင်းချပေး

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့်  ယနေ့  နံနက် ၇နာရီက  ဆိပ်ဖြူမြို့ပတ္တမြားဈေးအနီး ဗိုလ်ချုပ်လမ်းနှင့် ရတနာလမ်းဆုံ၌ ဖြန့်ဖြူးရောင်းချပေးသည်။

ပခုက္ကူမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူရေးရာအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်၉နာရီအချိန်က စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။

ဟိုပန်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် အမှတ်(၁၂၉)၊ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်အန္တရာယ်ကင်းရှင်း​ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အထက(ဟိုပန်)ကျောင်းရှိ စောမဟာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်မျိုးသန့်ခြံမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခုအား မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ဧရာမင်း စပါးမျိုးကွဲ (၄)မျိုးအား မျိုးစပါးတင်းရေ ၇၀၀၀ ကျော် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ မျိုးသန့်ခြံမှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နှစ်စဉ် မနောသုခ ၊ ဆင်းသုခ ၊ ရတနာတိုး ၊ ဧရာမင်း စပါးမျိုးကွဲ (၄)မျိုးအား ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၊ နွေစပါးနှင့် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးစပါးတင်းရေ ၇၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့မျိုးသန့်ခြံတာဝန်ခံ ဦးအောင်ချစ်ထံမှ သိရသည်။

တောင်သာမြို့ မြို့မစည်ပင်သာယာဈေး၌ Mask Campaign ပြုလုပ်ဆောင်ရွက်

တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အထကောင်းများရရှိစေရန်အတွက် ယနေ့နံနက် ၈ နာရီအချိန်က တောင်သာမြို့နာရီစင်အနီး တောင်သာ-ရန်ကုန်ကားလမ်း၊ တောင်သာ-ကျောက်ပန်းတောင်းကားလမ်း၊ တောင်သာ-မိတ္ထီလာ ကားလမ်းဆုံရာ လမ်းဘေးဝဲ/ယာ၌ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် နည့်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီ အချိန်က အ.မ.က ကျောင်းသို့ သွားရောက်ပြီး အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

မလှိုင်မြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်) ငွေတံဆိပ်ဆုရှင်နှင့် ပြိုင်ပွဲဝင်တို့အား ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ သောင်းသောင်းဖျဖျ ကြိုဆိုဂုဏ်ပြု

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်) ငွေတံဆိပ်ဆုရှင်နှင့် ပြိုင်ပွဲဝင်တို့အား မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ယနေ့နံနက်(၁၀)နာရီအချိန်က သောင်းသောင်းဖျဖျ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရှိရသည်။
Subscribe to