ပုဏ္ဏားကျွန်းမြို့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျိုးပဲ့ကျန်နေသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရာသို့ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် အဖွဲ့လာရောက်ကြည့်ရှု

ပုဏ္ဏားကျွန်း မေ ၂၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်း တာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့၊ နယ်မြေခံ တပ်မတော်အရာကြီးများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များက ပုဏ္ဏားကျွန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်၌ မိုခါမုန်တိုင်းကြောင့် ကျိုးပဲ့ကျန်နေသည့် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းဆောင်ရွက်နေမှုတို့ကို ယနေ့၊ နံနက်(၇)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပြည်ထောင်စုလမ်းကြီးတစ်လျှောက် ကျိုးပဲ့ကျန်နေသည့် သစ်ပင်၊ သစ်ကိုင်း သစ်ရွက်များ စုပုံကျန်ရှိနေသော အမှိုက်များအား နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း စုစုပေါင်း အင်အား(၂၃၀)ဦးတို့က ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းနဖူးပေါ် ကျရောက်နေသည့် သစ်ကိုင်များအား ဖယ်ရှားခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် ခြုံနွယ်များနှင့် အမှိုက်သရိုက်များကို တက်ညီလက်ညီ ဖြင့် စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ဗိုလ်မှူးချုပ် ဝင်းမောင်က ပုဏ္ဏားကျွန်းမြို့နယ်သည် ယခင် မှုလအနေအထားသို့ အမြန်ဆုံး ပြန်ရောက်လာစေရေးအတွက် တာဝန်ရှိသည့် ဌာန ဆိုင်ရာများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင့် ရှင်းလင်းမှာကြားခဲ့ပြီး၊ ထိုသို့သန့်ရှင်းရေး ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှု၍ အားပေး စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)