၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုများအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူး ကြည့်ရှုအားပေး
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအလိုက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မော်လမြိုင်မြို့ အ.ထ.က(၁၀)ကျောင်း၊ အ.ထ.က(၈)ကျောင်း၊ အ.ထ.က(၆) ကျောင်းနှင့် အ.ထ.က(၉)ကျောင်းသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုများကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။