ပြည် မေ ၂၈
"လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု" (Case Management) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉:၀၀) နာရီက ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (Convention on the Right of Child- CRC) တွင် ပြဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များနှင့်ပတ်သက်၍လည်းကောင်း၊ ကလေးသူငယ်များဆိုင်ရာ ဥပဒေ-၂၀၁၉ (Child Right Law- CRL) နှင့်ပတ်သက်၍ လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းက လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုပေါ်ပေါက်လာပုံ၊ လူမှုရေးရာဖြစ်ရပ် စီမံခန်ခွဲ့မှုစနစ်(Case Management System) နှင့်ပတ်သက်၍ လည်းကောင်း အသီးသီး ဆွေးနွေးပို့ချခဲ့သည်။
ဆက်လက်ပြီး သင်တန်းဒုတိယနေ့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဥ်ယဥ်မြင့်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (Child Protection) နှင့်ပတ်သက်၍ လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းနှင်းယုက နှစ်သိမ့်ဆွေးနွေးဆောင်ရွက်ရန် လုပ်ငန်းစဥ်နှင့်လိုက်နာရမည့်အချက်များ (Counselling)အား လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်နွယ်နွယ်ဦးက ကျား/ မ အခြေပြုအကြမ်းဖက်မှုအကြောင်း (Gender based Violence) နှင့် ကျား/ မ အခြေပြုအကြမ်းဖက်ခံရသူများအား ဝန်ဆောင်မှုပေးခြင်းနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးပို့ချသွားမည် ဖြစ်သည်။
အဆိုပါသင်တန်းသို့ ပြည်မြို့၊ ကိုယ်ပိုင်မူကြိုကျောင်းများမှ ဆရာ/ဆရာမများ တက်ရောက်ကြပြီး သင်တန်းကာလမှာ မေလ ၂၇ မှ ၂၈ ရက်နေ့အထိ (၂)ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ကိုစိုး(ပြန်/ ဆက်)