ချောင်းဆုံမြို့နယ်တွင် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်ကျွန်းသာခန်းမတွင် ကျင်းပပြုလုပ်ရာ ကန်တော့ခံဆရာကြီး/ဆရာမကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းကြည်ဝေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဝန်ထမ်းမိသားစုများတက်ရောက်ကြသည်။