ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ မြို့မပရိယတ္တိစာသင်တိုက်ဝန်းအတွင်း၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ဘားအံမြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ ၁နာရီအချိန်ခန့်က  မူးကဝါကျေးရွာ၊ ရွှေကြာရံတောရကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့နယ် ဦးအောင်သောင်းရိုး လျှိုပိတ်တမံ တည်ဆောက်မှု ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မေလ ၂၆ ရက်နေ့နံနက်ပိုင်းက ချောက်ခရိုင်၊ ရေနံချောင်းမြို့၏ အရှေ့ဘက(၃.၅)မိုင်အကွာ၊မြို့ရှောင်လမ်း၏ အနောက် ဘက်(၁) မိုင်ခန့်အကွာတွင် တည်ရှိသည့် ဦးအောင်သောင်းရိုးနှင့် ကိုးဆယ်ရိုးတို့တွင် လျှိုပိတ် တမံ(၂)ခု တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၃) အစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို မေလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်မှ ပုဗ္ဗသီရိမြို့နယ် ရာဇသင်္ဂဟလမ်းနှင့်တော်ဝင် ရတနာလမ်းထောင့်ရှိ ကြာကန်များအတွင်း ရေတည်ရှိနေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊  နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ညနေပိုင်းက ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ၊ ကုမုဒြာကြာပန်းဝိုင်းအနီး ရာဇသင်္ဂဟလမ်းနှင့် တော်ဝင်ရတနာလမ်းထောင့်ရှိ ကြာကန်များအတွင်းရေတည်ရှိနေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်တက္ကသိုလ် (၁၂)ကြိမ်မြောက် နေ့သင်တန်း ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် စိုက်ပျိုးမွေးမြူရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြှင့်မားစေရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီက ဗန်းမော်တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက်နေ့သင်တန်းဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဒို့လယ်ဝေး ပရဟိတလူငယ်အသင်းမှ လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများသို့ ဒုတိယအကြိမ် သွားရောက်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများသို့ ဒို့လယ်ဝေး ပရဟိတ လူငယ်အသင်းမှ ယမန်နေ့ နေ့လယ်ပိုင်းက အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကိုယ်စား အလှူငွေများ ကို ဒုတိယအကြိမ်မြောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှစားသုံးသူ ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာမြို့မ စျေးကြီးအတွင်းရှိ စျေးခေါင်းရုံးတွင် ယနေ့ နံနက် ၉ နာရီ ၃၀မိနစ် အချိန်က မြို့မစျေးအတွင်း အပြင်ရောင်းချသူလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဟောပြောခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ကောင်းပင်စည်ကျေးရွာသို့သောက်သုံးရေ ဂါလံ ၁၆၀၀ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စု ကောင်းပင်စည်ကျေးရွာသို့ဝေမျှ ခြင်းပရဟိတမိသားစုက ယနေ့နံနက် ၁၀ နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံသွားရောက် လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် ‌အေးမေတ္တာရေအလှူတော် အသင်းတာဝန်ခံ ဦးဝင်းမင်းထွန်းထံက သိရသည်။
Subscribe to