ကလိန်အောင် မေ ၂၈
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် မိုးဦးကျရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်အတွင်းရှိနေအိမ်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကလိန်အောင်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွာဆရာမ ဒေါ်ဖြိုးအိမြတ်နှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ခင်ဦးနှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုအသင်းအဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့ ပူးပေါင်းပြီး အမှတ်(၃)ရက်ကွက်ရှိနေအိမ်များ၌ ရေသိုလှောင်ကန်များ၊ ရေစည်များနှင့် ဘုရားပန်းအိုးများတွင် ခြင်မှတစ်ဆင့် ပေါက်ပွားလာသည့် ပိုးလောက်လမ်းများမရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများကို လိုက်လံဆောင်ရွက်ပေးပြီး ပြည်သူများသွေးလွန်တုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်နိုင်ပြီး ခြင်ပေါက်ဖွားနှုန်းကို ကျဆင်းနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့ (ပြန်/ ဆက်)