ပေါင်းတည်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက တင်း၁၀၀ ထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်အုပ်စု၊ ညောင်လှကျေးရွာမှ တောင်သူ ဦးကြည်လွင်၏ လယ်မြေကွင်းအမှတ် ၁၀၇၆၊ ဦးပိုင်အမှတ် ၁၂၅ ရှိ စိုက်ဧက ၆ ဧကတွင် ယမန်နေ့နံနက် ၉ နာရီ ခန်က ရတနာတိုး မိုးစပါးစံကွက် ရိတ်သိမ်းခဲ့သည်။

ပေါင်းတည်မြို့နယ်၌ အငြိမ်းစား ပင်စင်လစာများ စတင်ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ အငြိမ်းစားပင်စင်လစာများကို ယနေ့နံနက် ရုံးဖွင့်ချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပေါင်းတည် မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိသည်။

ကျွန်းစုမြို့နယ်၏ လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး အထောက်အကူပြု မြေပြင် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းနှင့် ဦးကိုကိုလွင် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)တို့သည် တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိနှင့် မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင်  ကျွန်းစုမြို့နယ်၏ လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲဆန္ဒ ရှင်စာရင်းပြည့်စုံမှန်ကန်စေရေး အထောက်အကူပြု မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် စာပေချစ်မြတ်နိုးသူ လူငယ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီတွင် မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “စိတ်ရောင်စုံအလှပိုင်ရှင်မြန်မာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရန်၊ ယဉ်ကျေးသိမ်မွေ့လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉) နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက ၁၀၉  တင်းထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာတောင်သူဦးခိုင်ထူး၏ ကွင်းအမှတ်(၆၉၉)ရှိ မိုးစပါးစံကွက်  ၅ ဧကစိုက်ခင်းရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်အထိ ဆောင်ရွက်ပေးမည်ဖြစ်ရာ ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူရုံးဝန်ထမ်းများက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to