တာမွေမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကျန်းမာသန်စွမ်းသည့် ရင်သွေးငယ်လေးများအား အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ မွေးဖွားလာနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ဗညားဒလလမ်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၈) နာရီခွဲ အချိန်က ကြံခင်းမြို့ (အမှတ်-၁) ၊အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမတွင် ကျင်းပခဲ့သည်။

မိုင်းရယ်၌ ကျောင်းဆောင်သစ်ပေးအပ်ပွဲနှင့် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ သုံးထပ်ကျောင်းဆောင်သစ်ပေးအပ်ပွဲနှင့် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

သထုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မေလ ၂၇ ရက်၊ နံနက် ၉ နာရီခန့်က သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ကျင်းပရာ သထုံခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာကျောင်းများကို မေ (၂၃)ရက်နေ့တွင် စတင်ကျောင်းအပ်လက်ခံခဲ့ရာ အခြေခံပညာကျောင်းများသို့ မေ ၂၆ ရက်နေ့အထိ ကျောင်းအပ်လက်ခံရာ မူ၊ လယ်၊ ထက် ကျောင်းသား၊ကျောင်းသူ( ၃၄၁၂၂)ဦး လာရောက်အပ်နှံထားကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးခဲ့သည့် အိမ်ထောင်းစု(၂၅)စုအား ထောက်ပံ​ငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ ပျက်စီးခဲ့သည့် စမ္ပါယ်နဂိုရ်ကျေးရွာအုပ်စု၊အုံးပိုင်ကျေးရွာလူနေအိမ်(၂၅)လုံးမှ အိမ်ထောင်စုဝင်များအား ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများမှ ထောက်ပံ့ငွေများသွား​ ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to