ဆင်ပေါင်ဝဲမြို့နယ်၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဆင်ပေါင်ဝဲ မေ ၂၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သစ်တောဦးစီးဌာနမှ ရှမ်းသောက် ကြိုးပြင်ကာကွယ်တောအကွက် အမှတ် (၂) အတွင်း ဒေသအခေါ် မဟာဗောဓိကုန်းမြေနေရာတွင် ယမန်နေ့ နံနက်ပိုင်းက မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးရာအကြို သစ်ပင်စိုက်ပွဲတွင် တမာ၊ ယင်းမာ စသည့် သစ်မျိုး (၂) မျိုး၊ ပျိုးပင်ပေါင်း (၁၀၀) ပင်အား ကျေးရွာအုပ်ချူပ်ရေးမှူးနှင့် ဒေသခံများ စုစုပေါင်း (၄၅) ဦးဖြင့် အတူတကွ စိုက်ပျိုးခဲ့ကြပြီး မိုးရွာသွန်းမှု မရှိသေးသဖြင့် စိုက်ပင်များရှင်သန်စေရေး စိုက်ခင်းအနီးရှိ ရေကန်မှ ရေသယ်၍ ရေလောင်းခြင်းများ ဆောင်ရွက်ရကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်ဝေအောင်ထံမှ သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)