ဟိုပန် မေ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်သည် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များလိုက်ပါလျက် မေလ ၂၆ရက်နေ့က ၉နာရီခွဲအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပန်လုံမြို့ရှိ ဌာနဆိုင်ရာများ၊ ပညာရေးဌာနဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဦးရန်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး” ဆိုသည့်အချက်ကို ထည့်သွင်းဖော်ပြထားပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံသားတိုင်း KG+9 ပြီးဆုံးသည်အထိ အခြေခံပညာသင်ယူခွင့်ရရှိ ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၆ အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ အခြေခံပညာသင်ယူနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး၊ ပညာသင်ယူရမည့် အရွယ်အားလုံးကျောင်းတက်ရောက်ရေး ”စသည်တို့ကို နိုင်ငံတော်၏ပညာရေးအခြေခံမူဝါဒအဖြစ် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်း တက်ရောက်နိုင်ရန် ဆရာ/ မိဘ၊ ကျောင်းသားကျောင်းသူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ကြရန်၊ အခက်အခဲရှိပါက တိုင်း/ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်မှတစ်ဆင့် တင်ပြဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ထိုနောက် ပန်လုံမြို့အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး ဒေါ်အက်စ်ခေါင်စေးက ပညာရေးကဏ္ဍဆိုင်ရာများကို တင်ပြခဲ့ပါသည်။ဆက်လက်၍ အထက(ပန်လုံ)သို့ ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းနှင့်ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး တက်ရောက်လာသူများကို ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက်ခဲ့ပါသည်။
နံနက် ၁၀ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပန်လုံမြို့ရှိ ပြန်လည် ပြုပြင်မည့် ကြာကန်နေရာကို ကြည့်ရှုခဲ့ပြီး ယခင်ပန်လုံစော်ဘွားဟော်နန်းသို့ သွားရောက်ကာ အဆောက်အဦကြံ့ခိုင်မှုအား ကြည့်ရှုခဲ့ပါသည်။ဆက်လက်၍ ပြည်သူ့ဆေးရုံသို့သွားရောက်ကာ ဆေးကုသမှုခံယူနေသော လူနာများကို ကြည့်ရှုအားပေးပြီး ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း၊ ထိုမှတဖန် အမှတ်(၈) ရပ်ကွက်ရှိ နမ့်ခူရှဲ အမကကျောင်းသို့သွားရောက်၍ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံအားပေး စကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပန်ကောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ ရောက်ရှိပြီး ပညာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်း တက်ရောက်နိုင်ရန် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရေးကို မှာကြားခဲ့ပြီး ကျောင်းအတွက် ထောက်ပံ့ငွေ(၁၀)သိန်းကျပ်နှင့် ကျောင်းသုံး ပစ္စည်းနှင့်ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)