မိုင်းခတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ အ.ထ.က (မိုင်းခတ်)၊ နီလာဆောင်ခန်းမ၌ ယနေ့နံနက်( ၉)နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရာဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ကျောင်း သားကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့်‌ သီဆိုဖွင့်လှစ်ခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်တွင် ပန်းခင်းစီမံချက်-၂ ဖြင့် ပြည်သူ ၄၀ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး​ခြင်းကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားဟောင်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

မချမ်းဘောမြို့နယ်ရှိ ရှုခင်းသာနေရာသည် ခရီးသွားပြည်သူများအတွက် အပန်းဖြေရာနေရာတစ်ခု ဖြစ်လာ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အလန်ဂါးကျေးရွာအနီး ပူတာအို -နောင်မွန်-ခေါင်လန်ဖူး ကားလမ်းပေါ်ရှိ ရှုခင်းသာနေရာသည် ခရီးသွားပြည်သူများအတွက် ခရီးတစ်ထောက်နားရာနေရာ၊ အပန်းဖြေရာနေရာ၊ အမှတ်တရဓာတ်ပုံရိုက်ကူးရာ နေရာတစ်ခုဖြစ်လာကြောင်းသိရသည်။

မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော စားရေးရိက္ခာများအား လေဘေးသင့်ပြည်သူများလက်ဝယ်သို့ စနစ်တကျအမြန်ရောက်ရှိရေး ညှိနှိုင်းဆွေးနွေးပေါင်းစပ်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော စားရေးရိက္ခာများ သယ်ဆောင်လာသော ပြည်တွင်းရေကြောင်းပိုင် ကုလားတန်(၆)သင်္ဘောသည် ယမန်နေ့နံနက် (၈)နာရီ (၃၀)မိနစ် အချိန်က မြေပုံမြို့၊ ငုပင်လယ်ဆိပ်ကမ်းသို့ရောက်ရှိပြီး မြို့နယ်သဘာဝဘေး ပြန်လည်ထူထောင်ရေး ကော်မတီဝင်တို့က စားရေးရိက္ခာများအား ဖွင့်ဖောက်စစ်ဆေးလက်ခံရယူပြီး  အ.ထ.က (မြေပုံ)၊ ဦးစိန္တာခန်းမသို့ ပြောင်းရွှေ့သည်။

ပြည်မြို့၌ ၂၀၂၃- ၂၀၂၄ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၏ ၂၀၂၃- ၂၀၂၄ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉နာရီက ပြည်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ရှေးဦးစွာ ပြည်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်နိုင်ထွန်း၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ပဲခူးတိုင်းဒေသကြီး ပညာ ရေးမှူးရုံးခွဲ(ပြည်)မှ တိုင်းပညာရေးမှူး ဦးတင်ယုတို့က " တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့" မုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဝန်ကြီးများအဖွဲ့တို့ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ရောက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်လည်လက်ခံရေးစခန်းသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဝန်ကြီးများအဖွဲ့တို့သည် ရဟတ်ယာဥ်ဖြင့် မွန်းလွဲပိုင်းက တောင်ပြိုလက်ဝဲမြို့သို့ ရောက်ရှိခဲ့သည်။

မိုင်းရယ်၌ ကျောင်းဆောင်သစ်ပေးအပ်ပွဲနှင့် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ သုံးထပ်ကျောင်းဆောင်သစ်ပေးအပ်ပွဲနှင့် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးကြီး မင်းမောင်၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုင်း/ ခရိုင် / မြို့နယ်ဌာန ဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ တက်ရောက်ခဲ့ကြသည်။

ခန္တီးမြို့တွင် (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ပေါမိုင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့တွင် စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)၏ အတွေးစာစီကဗျာပန်းချီစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ အစည်းအဝေးခန်းမတွင် စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)၏ အတွေးစာစီကဗျာပန်းချီစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။
Subscribe to