ပုဗ္ဗသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ပြည်သူ ၄၁ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ပုဗ္ဗသီရိမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး​ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

သံတွဲမြို့အတွင်းရှိ လေဘေးသင့်စာသင်ကျောင်းများအား ကြည့်ရှုစစ်ဆေးပြီး အမိုးသွပ်ပြားများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉နာရီက သံတွဲမြို့နယ် ကျားကိုက်ကျေးရွာ မူလတန်းကျောင်းသို့ ရောက်ရှိကာ အမိုးသွပ်ပြားများ လေဘေးသင့်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်မိုးရန်လိုအပ်သည့် အမိုးသွပ်ပြား (၁၀)ချပ်အားထောက်ပံ့ပေးအပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မုံရွာမြို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခြင်းနှင့် မုံရွာမြို့နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်ပြီးစီးမှုလိုက်လံကြည့်ရှု စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့်ပညာသင်ကြားနိုင်ရေးနှင့် မိုးရာသီရောက်ရှိလာပြီဖြစ်ရာ ခြင်များမပေါက် ပွားနိုင်စေရေးတို့အတွက် သန့်ရှင်းရေးလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း-အလုံတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့်ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ပူတာအိုမြို့တွင် မီးသုံးစွဲမှု စနစ်တကျရှိစေရေးနှင့် မီး‌ဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနတို့၏ဦးဆောင်မှုဖြင့် အရေးပေါ်မီး လောင်မှုဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်ရေး၊ဆုံးရှုံးမှုနည်းပါးစေရေးနှင့် မီးဘေး လုံခြုံရေးအတွက် ပူတာအိုစည်ပင်သာယာဈေး ဈေးသူဈေးသားများအား မီးဘေး အသိပညာပေး လက်တွေ့ဇာတ်တိုက်လေ့ကျင့်မှုများနှင့်မီးသုံးစွဲမှုစနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲက ပူတာအိုမြို့ မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြသည်။

ဖြူးမြို့နယ်​၌ စိုက်ပျိုးရေးကဏ္ဍ၊  မွေးမြူရေးကဏ္ဍနှင့် (MSME)ကဏ္ဍများအတွက် နိုင်ငံ့စီးပွား​မြှင့်တင်​ရေး ရန်ပုံ​ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ဖြူးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် အသေးစားလုပ်ငန်း (MSME)ကဏ္ဍများအတွက် နိုင်ငံစီးပွား​မြှင့်တင်​ရေးရန်ပုံ​ငွေ​ပေးအပ်ပွဲကို ယမန်​နေ့နံနက် (၁၁)နာရီ အချိန်က မြို့နယ်​အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသစ်ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းစိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ်သို့ ရောက်ရှိလာရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဝန်ထမ်းများ၊ ရုံးဆောက်လုပ်ရေး ကုမ္ပဏီတာဝန်ရှိသူ တို့မှကြိုဆိုခဲ့ကြသည်။

တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ငါးသယံဇာတများ ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ရေလုပ်သားများနှင့်ပြည်သူများအနေဖြင့် ဒီရေတောများ၏ အရေးပါပုံများကိုသိရှိနားလည်လာစေရန်နှင့် ဒီရေတောအား ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ချက်များဖြင့် တောင်ကုတ်ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနနှင့် ရေလုပ်ငန်းရှင်များ ပူးပေါင်း၍ ဒီရေတောစိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာ အုပ်စု၊ ခရိုင်မြစ်ကမ်းတွင်ကျင်းပခဲ့ကြောင်းသိရသည်။

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကျင်းပ

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့၊ နံနက် ၉ နာရီက‌ ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှု  ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၃) အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင် မြို့တော်ဖြစ်စေရေး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to