ဖျာပုံမြို့ အ.ထ.က-၃ ကျောင်းတွင် ကျောင်းဖွင့်ရာသီ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး သာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအနေဖြင့် ကျောင်းအပ် စတင်လက်ခံပြီး ကျောင်းဖွင့်ရာသီ ရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်နှင့် တာဝန်ရှိသူများက ကျောင်းဖွင့်ရာသီ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ရည်ရွယ်၍ ဖျာပုံမြို့ အ.ထ.က-၃ ကျောင်းတွင် ကျောင်းဝန်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင်တို့ရှိ မြက်များ၊ခြုံနွယ်များနှင့် ခြင်းပေါက်ပွားခိုအောင်းနိုင်သော နေရာများအား ယနေ့နံနက်(၇)နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။